ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်

Поделиться
HTML-код
  • Опубликовано: 6 апр 2025
  • ဆရာကြီးရွှေဥဒေါင်းက သူ့ရဲ့တစ်သက်တာမှတ်တမ်းထဲမှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပဲခူးငလျင်နဲ့ပတ်သက်လို့ " သတ္တဝါသည် မြေကြီးကို အခိုင်အမာထား၍ အခါခပ်သိမ်း အားကိုးအားထား ပြုနေရသည်ဖြစ်ရာ မိမိက အခိုင်အမာထားသော မြေကြီးကိုယ်တိုင်က ဤကဲ့သို့ အပြင်းအထန် လှုပ်ခါနေခြင်းကို လက်တွေ့ခံစားရသောအခါ၌ အားကိုးရာမဲ့ ဖြစ်၍ အသည်းနှလုံးနှင့် အူထဲမကျန် လွှတ်ကန်ပြီး အားငယ်မိသည်" ဟုမှတ်တမ်းတင်ထားလေရာ အရွယ်ရောက်ပြီးလူကြီးတစ်ဦးအနေနဲ့ သည်လောက် တုန်လှုန်ကြောက်ရွံ့နေတယ်ဆိုရင် ကလေးငယ်တွေအနေနဲ့ ငလျင်ကိုကြုံတွေ့ရပြီးတဲ့နောက် ဘယ်လောက်ကြောက်နေမလဲဆိုတာ ကရုဏာသက်ပြီး ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။ ဒီ Video ထဲမှာတော့ ငလျင်ကြောင့် ကြောက်နေတဲ့ ကလေးငယ်တွေကို ဘယ်လိုပြောဆိုရမယ် ဘယ်လိုအားပေးရမယ် ကလေးတွေကြောက်စိတ်လျော့ပြီး မှန်ကန်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်အောင် အုပ်ထိန်သူတွေအနေနဲ့ ဘယ်လိုပြုမူဆက်ဆံရမယ် ဘယ်လိုရှေ့ဆောင်လမ်းပြလုပ်ရမယ် စတဲ့ အရေးကြီးတဲ့အချက်တွေကို ‌ဒေါက်တာလှထုံက မျှဝေပေးထားပါတယ်။

Комментарии •